Notice -

Written in Myanmar3 unicode font. If you want to know about the unicode download and installation, please click on here for more detail informations.

Saturday, November 8, 2014

လေ​ပြည်​သို့ တီး​တိုး​စကား

လေ​ပြည်​သို့ တီး​တိုး​စကား

ဝေ့⁠ဝေ့​ဝဲ⁠ဝဲ​နဲ့
ငှက်မွေး​လေး​တစ်​ခု​လို ပျံ​ဝဲ​ကျ​လာ
နူး​နူးညံ့​ညံ့​လေး
နောက် ညင်​ညင်သာ​သာ​လေး လွင့်​မျော
အို လွင့်​မျော​လို့။

ဒီ ခံစား​မှု​တွေ​က
မ​သိ​စိတ်နောက်​ကို လိုက်​ပါ​လွန်း​လို့
ဆိတ်ငြိမ်​တဲ့ ၀န်း​ကျင်​ဟာ​လည်း အထီးကျန်​ဆန်
တစ်​ကိုယ်တည်း လွမ်းချင်း​ဖွဲ့​လို့ သီ​လို့။

တကယ်​ဆို ဒီ​ညနေ​မှာ
ပု​ဇွန်​ဆီ​ရောင်​တွေ​ကို​သာ ဖယ်​ခဲ့​ရင်
အရာ​ရာ​ဟာ အမှောင်​ချည့်​ပါ​ပဲ
တိုးတိုး​လေး​ပြော​ဖို့
အနား​ကို တိုး​ကပ်​ခဲ့​ပါ​တော့ လေ​ပြည်​ရေ။

ဒီ​လို မိုး​စုန်းစုန်း​ချုပ်​တဲ့​အခါ ...
ကြယ်​ရောင်​တွေ လင်း​လက်​လာ​နိုင်​တယ် ...
ကိုယ်​ပိုင်​အလင်း​မဲ့ လမင်း​နဲ့​တော့
နှုတ်ဆက် မ​တွေ့​ချင်​တော့​ဘူး
ပိုးစုန်းကြူး တစ်​ကောင်​စ နှစ်​ကောင်​စ
အဲ​ဒီ့ ည​နက်⁠နက်​ရဲ့ နှုတ်ခမ်း​ဝ​မှာ တင်​ကျန်​နေရစ်​မ​လား ...
ဘယ်​သူ​မှ မ​သိ​လိုက်​ခင်​မှာ​ပဲ
နစ်မွန်း​သွား​တဲ့ ကောင်းကင်​ပြာ​နဲ့ တိမ်​ဖြူ​လွှ⁠လွှ​တွေ​အတွက်
တိုးတိုး​လေး​ပြော​ဖို့
အနား​ကို တိုး​ကပ်​ခဲ့​ပါ​တော့ လေ​ပြည်​ရေ။ ။


အိပ်မက်​ရှင်

No comments:

Post a Comment

Notice -
Written in Myanmar3 unicode font. If you want to know with about unicode font download and installation, please click here for more informations.